1st December 2014

Thu, 12/11/2014 - 16:32

We Love Myanmar လူငယ်ပရဟိတအဖွဲ့သို့ ရံပုံငွေပေးအပ်လှူ ဒါန်းခြင်း

               အနုပညာလောကမှ အနုပညာရှင်များစွာပါဝင်သည့် We Love Myanmar လူငယ်ပရဟိတ အဖွဲ့မှ ကချင်စစ်ဘေးသင့် ပြည်သူများအား လှူ ဒါန်းရန်အတွက်ရံပုံငွေ ကောက်ခံခြင်းအစီအစဉ်ကို ဒီဇင်ဘာလ (1)ရက်နေ့နှင့်

(2)ရက်နေ့များတွင်ပြုလုပ်ခဲ့ပါသည်။ AIR KBZ မှ အလှူ  ငွေ (25)သိန်းအား We Love Myanmar လူငယ်ပရဟိတလူငယ်ပရဟိတအဖွဲ့သို့ ပေးအပ်လှူ ဒါန်းခဲ့ပါသည်။ ထို့နောက် We Love Myanmar

ပရဟိတလူငယ်အဖွဲ့မှ AIR KBZ သို့ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

              AIR KBZ ဥက္ကဌ ဒေါ်နန်းလိုင်ခမ်း ၏ စီစဉ်ညွှန်ကြားမှုဖြင့် Fly to Donate Program အား AIR KBZ လေကြောင်းလိုင်း စတင်ပျံသန်းပြေးဆွဲချိန်မှ စ၍ လက်မှတ် (1)စောင် ရောင်းရတိုင်း ရရှိငွေမှ

ကျပ် 700 အား စုဆောင်းကာလူမှုဖူလုံရေးလုပ်ငန်းများနှင့်အခြားအကူအညီလိုအပ်သော နေရာများသို့လှူ ဒါန်းခြင်းဖြစ်သောကြောင့်၊ တနည်းအားဖြင့် ခရီးသွားမိဘပြည်သူများ၏ လှူ ဒါန်းမှုပင်ဖြစ်ပါသည်။

 

 

 

 

CSR ACTIVITIES